Skip to content
DiploTrack
13 of 26 FROM THIS SPEAKER

Ministry of Foreign Affairs, Myanmar (MMR)

Myanmar Press release: STATEMENT

2026-09-13 · data through unknown

MY · statement #18973 ·

ထို့ပြင် ကျော်မိုးထွန်းသည် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG နှင့် CRPH အဖွဲ့တို့နှင့် တိုက်ရိုက်ဆက်သွယ်ကာ ၎င်းတို့၏ သစ္စာခံ ကိုယ်စားလှယ်အဖြစ် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂစင်မြင့်ကို အလွဲသုံးစားပြုကာ အွန်လိုင်းပေါ်တွင် ပုံရိပ်ယောင်တရားဝင်မှုပြသပြီး NUG အတွက် အလှူငွေကောက်ခံရန် ဝါဒဖြန့်လက်နက်တစ်ခုအဖြစ် လုပ်ဆောင်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်း အပြစ်မဲ့ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် တရားမဝင် အကြမ်းဖက်လှုပ်ရှားမှုများကို နိုင်ငံတကာစင်မြင့်၌ ဖုံးကွယ်ကာကွယ်ပေးခြင်း၊ လှုံ့ဆော်အားပေးခြင်းတို့ဖြင့် အကြမ်းဖက်လုပ်ရပ်များတွင် တိုက်ရိုက်ကြံရာပါအဖြစ် …
Full original text (MY, 1,148 Characters) ▾

ထို့ပြင် ကျော်မိုးထွန်းသည် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG နှင့် CRPH အဖွဲ့တို့နှင့် တိုက်ရိုက်ဆက်သွယ်ကာ ၎င်းတို့၏ သစ္စာခံ ကိုယ်စားလှယ်အဖြစ် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂစင်မြင့်ကို အလွဲသုံးစားပြုကာ အွန်လိုင်းပေါ်တွင် ပုံရိပ်ယောင်တရားဝင်မှုပြသပြီး NUG အတွက် အလှူငွေကောက်ခံရန် ဝါဒဖြန့်လက်နက်တစ်ခုအဖြစ် လုပ်ဆောင်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်း အပြစ်မဲ့ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် တရားမဝင် အကြမ်းဖက်လှုပ်ရှားမှုများကို နိုင်ငံတကာစင်မြင့်၌ ဖုံးကွယ်ကာကွယ်ပေးခြင်း၊ လှုံ့ဆော်အားပေးခြင်းတို့ဖြင့် အကြမ်းဖက်လုပ်ရပ်များတွင် တိုက်ရိုက်ကြံရာပါအဖြစ် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အထက်ဖော်ပြပါ လုပ်ရပ်များနှင့်ပတ်သက်၍ ကျော်မိုးထွန်းအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂) ဖြင့် ဒက္ခိဏခရိုင်တရားရုံးတွင် ရာဇဝတ်မှုအမှတ် (၃၂/၂၀၂၁) ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဝရမ်းထုတ်ဆင့်ထားရှိပြီး ဖြစ်သည်။ ထို့ပြင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) နှင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄-က တို့အရ အရေးယူဆောင်ရွက်ထားရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့အရ ထပ်မံတရားစွဲဆိုပြီးဖြစ်သည်။

Machine translation (english, opus-mt:mul-en), not checked by a person ▾

It is also known as an association between the NUG and CRPH groups, which are declared a group of lawmakers and violent groups. The media has been used to produce images on online using crossword puzzles in order to provide money for NUG.

Tone toward targets (1)

How this statement speaks of each target it names, read by a model from the evidence sentence.

  • Neutral toward Niue“ထို့ပြင် ကျော်မိုးထွန်းသည် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG နှင့် CRPH အဖွဲ့တို့နှင့် တိုက်ရိုက်ဆက်သွယ်ကာ ၎င်းတို့၏ သစ္စာခံ ကိုယ်စားလှယ်အဖြစ် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂစင်မြင့်ကို အလွဲသုံးစားပြုကာ အွန်လိုင်းပေါ်တွင် ပုံရိပ်ယောင်တရားဝင်မှုပြသပြီး NUG အတွက် အလှူငွေကောက်ခံရန် ဝါဒဖြန့်လက်နက်တစ်ခုအဖြစ် လုပ်ဆောင်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်း အပြစ်မဲ့ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် တရားမဝင် အကြမ်းဖက်လှုပ်ရှားမှုများကို နိုင်ငံတကာစင်မြင့်၌ ဖုံးကွယ်ကာကွယ်ပေးခြင်း၊ လှုံ့ဆော်အားပေးခြင်းတို့ဖြင့် အကြမ်းဖက်လုပ်ရပ်များတွင် တိုက်ရိုက်ကြံရာပါအဖြစ် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိသည်။”