Ministry of Foreign Affairs, Myanmar (MMR)
Myanmar Press release: STATEMENT
2026-09-13 · data through unknown
MY · statement #18972 ·
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်ပါအတိုင်း အသိပေးထုတ်ပြန်အပ်သည်။ ကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သံတမန်ကျင့်ဝတ်ပျက်ယွင်းစွာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ တရားမဝင် အဖွဲ့အစည်းများအား သစ္စာခံကိုယ်စားပြုလှုပ်ရှားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ၎င်းအား နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismissal) ခဲ့ပြီး ဖြစ်သည်။ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီးဖြစ်သော်လည်း ကျော်မိုးထွန်းသည် နယူးယောက်မြို့ရှိ နိုင်ငံတော်ပိုင် …Full original text (MY, 1,358 Characters) ▾
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်ပါအတိုင်း အသိပေးထုတ်ပြန်အပ်သည်။ ကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သံတမန်ကျင့်ဝတ်ပျက်ယွင်းစွာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ တရားမဝင် အဖွဲ့အစည်းများအား သစ္စာခံကိုယ်စားပြုလှုပ်ရှားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ၎င်းအား နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismissal) ခဲ့ပြီး ဖြစ်သည်။ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီးဖြစ်သော်လည်း ကျော်မိုးထွန်းသည် နယူးယောက်မြို့ရှိ နိုင်ငံတော်ပိုင် အဖွဲ့ရုံးရှိ ရုံးခန်းနေရာ၊ ရုံးအကြီးအကဲနေအိမ်နှင့် နိုင်ငံတော်ပိုင် မော်တော်ယာဉ်စသည့် နိုင်ငံတော်ပိုင်ပစ္စည်းများကို ဆက်လက်အသုံးပြုလျက်ရှိကြောင်း တွေ့ရှိရသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နယူးယောက်မြို့၊ Bank of America ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ ဘဏ်ငွေစာရင်းတွင် နိုင်ငံပိုင်ဘဏ္ဍာငွေမှာ အမေရိကန် ဒေါ်လာ ၂.၇၆ သန်းနှင့် ယူရို ၃၈၂၃၃.၆၂ ကျန်ရှိကြောင်း သိရှိရသည်။ အဆိုပါ လက်ကျန်ဘဏ္ဍာငွေများကို နိုင်ငံတော်၏ ခွင့်ပြုချက်မရရှိဘဲ ထုတ်ယူသုံးစွဲခြင်း၊ ၎င်း၏ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သို့ပါ၍ ကျော်မိုးထွန်းအနေဖြင့် ဘဏ်တွင်ရှိသော နိုင်ငံပိုင်ဘဏ္ဍာငွေများကို မည်သည့်ခေါင်းစဉ်များဖြင့် သုံးစွဲထားသည်ကို အထောက်အထားများနှင့်တကွ ရှင်းလင်းရန် လိုအပ်မည်ဖြစ်သည်။
Machine translation (english, opus-mt:mul-en), not checked by a person ▾
As a result of the fact that the government has not complied with its orders and instructions, it is still known to the international authorities for its illegal campaign against corruption that has always been eliminated from its commercial markets. It was rejected in February 2002, since December 27, 2012, because of its lack of compliance with public policy laws and regulations. It is estimated that over 70 million people live in the United States alone. It is known that there are still 62 remaining funds. This means they have made use of their resources without the State's permission and used them for self-esteem purposes, but they need to be explained with support as well as tools that use state finances in wealth.
Tone toward targets (2)
How this statement speaks of each target it names, read by a model from the evidence sentence.
- Neutral toward United States“ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်ပါအတိုင်း အသိပေးထုတ်ပြန်အပ်သည်။”
- Neutral toward Comoros“ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်ပါအတိုင်း အသိပေးထုတ်ပြန်အပ်သည်။”