Ministry of Foreign Affairs, Myanmar (MMR)
Myanmar Press release: STATEMENT
2026-09-13 · data through unknown
MY · statement #18974 ·
လက်ရှိတွင် ကျော်မိုးထွန်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ တို့အရ တရားခံပြေးအဖြစ် ကြေညာ၍ တရားရုံးအမိန့်များ ထုတ်ဆင့်ထားရှိပြီး INTERPOL နှင့် United States National Central Bureau (USNCB) တို့မှတစ်ဆင့် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့်ပူးပေါင်းကာ အမေရိကန်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်လမ်းကြောင်းမှ ဆက်လက်ဆောင်ရွက်ရန်ရှိသည်။ သို့ဖြစ်ပါ၍ ကျော်မိုးထွန်း၏ နိုင်ငံပိုင်ဘဏ္ဍာငွေနှင့် ပစ္စည်းများအား အလွဲသုံးစားပြုလုပ်မှု၊ တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုနှင့် နိုင်ငံတော် ကိုယ်စားပြုခွင့်မရှိဘဲ ကုလသမဂ္ဂမျက်နှာစာအား အသုံးပြု၍ လှုပ်ရှားဆောင်ရွက်နေမှုများကြောင့် ၎င်း၏ပုဂ္ဂိုလ်ရေး …Full original text (MY, 1,429 Characters) ▾
လက်ရှိတွင် ကျော်မိုးထွန်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ တို့အရ တရားခံပြေးအဖြစ် ကြေညာ၍ တရားရုံးအမိန့်များ ထုတ်ဆင့်ထားရှိပြီး INTERPOL နှင့် United States National Central Bureau (USNCB) တို့မှတစ်ဆင့် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့်ပူးပေါင်းကာ အမေရိကန်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်လမ်းကြောင်းမှ ဆက်လက်ဆောင်ရွက်ရန်ရှိသည်။ သို့ဖြစ်ပါ၍ ကျော်မိုးထွန်း၏ နိုင်ငံပိုင်ဘဏ္ဍာငွေနှင့် ပစ္စည်းများအား အလွဲသုံးစားပြုလုပ်မှု၊ တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုနှင့် နိုင်ငံတော် ကိုယ်စားပြုခွင့်မရှိဘဲ ကုလသမဂ္ဂမျက်နှာစာအား အသုံးပြု၍ လှုပ်ရှားဆောင်ရွက်နေမှုများကြောင့် ၎င်း၏ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးစားမှု (Credibility) နှင့် ကိုယ်စားပြုခွင့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်ပေါ်လျက်ရှိသည်။ ကျော်မိုးထွန်းသည် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စားပြုမှု ဆက်လက်ရရှိနေခြင်းမှာ တရားဝင်အသိအမှတ်ပြုခံရခြင်း မဟုတ်ဘဲ ခန့်အပ်လွှာစိစစ်ရေးကော်မတီ (Credentials Committee) ၏ ဆုံးဖြတ်ချက်ကို နှစ်စဉ်ဆိုင်းငံ့ထားခြင်း (Deferral) အပေါ် အခြေခံသည့် ယာယီအခြေအနေသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှု/တရားဝင်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်ရုပ်သိမ်းထားပြီး ဖြစ်ပါကြောင်းနှင့် ၎င်း၏ တရားမဝင်ထုတ်ပြန်ချက်များ၊ လှုံ့ဆော်မှုများသည် မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ သဘောထားမဟုတ်ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် သံတမန်ဆက်ဆံရေးရှိသော အစိုးရများအားလုံးထံ လေးနက်စွာ အသိပေးထုတ်ပြန်အပ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်
Machine translation (english, opus-mt:mul-en), not checked by a person ▾
At the present time, it has been announced as a legal refugee for Kosovo under Section 87/88 that Interpol and U.S. Central Bureau (USNCB) have already issued its orders and are required to proceed from the United States of America's state-owned emergency services and communications networks in Washington, D.C.A.
Tone toward targets (1)
How this statement speaks of each target it names, read by a model from the evidence sentence.
- Neutral toward United States“လက်ရှိတွင် ကျော်မိုးထွန်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ တို့အရ တရားခံပြေးအဖြစ် ကြေညာ၍ တရားရုံးအမိန့်များ ထုတ်ဆင့်ထားရှိပြီး INTERPOL နှင့် United States National Central Bureau (USNCB) တို့မှတစ်ဆင့် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့်ပူးပေါင်းကာ အမေရိကန်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်လမ်းကြောင်းမှ ဆက်လက်ဆောင်ရွက်ရန်ရှိသည်။”