Ministry of Foreign Affairs, Myanmar (MMR)
Myanmar Press release: STATEMENT
2026-09-03 · data through unknown
MY · statement #18912 ·
အာဆာ အကြမ်းဖက်များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ၎င်းတို့၏ အစွန်းရောက် အကြမ်းဖက်ဝါဒဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်မှုတို့ကြောင့် ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့လည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်းကောင်း နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်များ၏ အရင်းခံအကြောင်းတရားများနှင့် မြေပြင်ပကတိ အခြေအနေမှန်များကိုလည်း လျစ်လျူရှုကာ မြန်မာနိုင်ငံ၏ ပုံရိပ်နှင့်ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်မှုများ မပြုသင့်ကြောင်း အလေးထားဖော်ပြလိုသည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည့် အားလျော်စွာ မိမိနိုင်ငံအား ကာကွယ်ပိုင်ခွင့်နှင့် …Full original text (MY, 1,031 Characters) ▾
အာဆာ အကြမ်းဖက်များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ၎င်းတို့၏ အစွန်းရောက် အကြမ်းဖက်ဝါဒဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်မှုတို့ကြောင့် ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့လည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်းကောင်း နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်များ၏ အရင်းခံအကြောင်းတရားများနှင့် မြေပြင်ပကတိ အခြေအနေမှန်များကိုလည်း လျစ်လျူရှုကာ မြန်မာနိုင်ငံ၏ ပုံရိပ်နှင့်ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်မှုများ မပြုသင့်ကြောင်း အလေးထားဖော်ပြလိုသည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည့် အားလျော်စွာ မိမိနိုင်ငံအား ကာကွယ်ပိုင်ခွင့်နှင့် နိုင်ငံနှင့်လူမျိုးအပေါ် ကျူးလွန်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို တုံ့ပြန် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများအား တုံ့ပြန်ရာတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အပြစ်မဲ့ဒေသခံပြည်သူများနှင့် ၎င်းတို့၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (RoE) နှင့်အညီ ဆောင်ရွက်ခဲ့သည်။
Machine translation (english, opus-mt:mul-en), not checked by a person ▾
Because of the violent attacks on Asa’s forces and their violent acts of aggression by their cruel teachings, the local people are also looking forward to other cities, and the northern part of the United States has been given opportunities for Bangladesh to reside in the West.
No tone or topic tags yet.