Ministry of Foreign Affairs, Myanmar (MMR)
Myanmar Press release: STATEMENT
2026-09-03 · data through unknown
MY · statement #18913 ·
ထို့ပြင် မြန်မာနိုင်ငံတွင် မရှိသည့်လူမျိုးအမည်ဖြင့် လွဲမှားစွာ သုံးစွဲဖော်ပြလျက်ရှိသည့် အခြေအနေကိုလည်း ပြတ်သားစွာ ကန့်ကွက်သည်။ ထို့ကြောင့် ယင်းစကားရပ်ကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အသုံးပြု၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ဆက်စပ်ဖြစ်စဉ်များအပေါ် နိုင်ငံရေးအရ အကျိုးအမြတ်ရှိစေရန်အတွက် ကြေညာချက်များနှင့် ထုတ်ပြန်ပြောကြားချက်များ ထုတ်ပြန်နေခြင်းကို လက်ခံနိုင်ခြင်း မရှိပါ။ ယင်းဆောင်ရွက်ချက်များသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ရရှိထားသည့် သဘောတူညီချက်များနှင့်အညီ စိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး မြန်မာနိုင်ငံ၏ စေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်မှုများအတွက် အပြုသဘောဆောင်သည့် …Full original text (MY, 1,359 Characters) ▾
ထို့ပြင် မြန်မာနိုင်ငံတွင် မရှိသည့်လူမျိုးအမည်ဖြင့် လွဲမှားစွာ သုံးစွဲဖော်ပြလျက်ရှိသည့် အခြေအနေကိုလည်း ပြတ်သားစွာ ကန့်ကွက်သည်။ ထို့ကြောင့် ယင်းစကားရပ်ကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အသုံးပြု၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ဆက်စပ်ဖြစ်စဉ်များအပေါ် နိုင်ငံရေးအရ အကျိုးအမြတ်ရှိစေရန်အတွက် ကြေညာချက်များနှင့် ထုတ်ပြန်ပြောကြားချက်များ ထုတ်ပြန်နေခြင်းကို လက်ခံနိုင်ခြင်း မရှိပါ။ ယင်းဆောင်ရွက်ချက်များသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ရရှိထားသည့် သဘောတူညီချက်များနှင့်အညီ စိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး မြန်မာနိုင်ငံ၏ စေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်မှုများအတွက် အပြုသဘောဆောင်သည့် အထောက်အပံ့ဖြစ်မည် မဟုတ်ပါ။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်းများတွင် ရောက်ရှိနေသူအားလုံးအား မြန်မာနိုင်ငံမှဟု စွပ်စွဲပြောဆိုချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ရကြောင်း ထပ်လောင်း ဖော်ပြအပ်သည်။ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကိစ္စသည် နှစ်နိုင်ငံအကြား ဖြေရှင်းရမည့်ကိစ္စဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် စိစစ်ပြီးနေရပ်စွန့်ခွာသူများကို ၎င်းတို့၏ ဆန္ဒအလျောက်၊ လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ခင်မင်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ ၁၅-၈-၂၀၂၆ ရက်တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကြိုးပမ်းမှုများအပေါ် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Machine translation (english, opus-mt:mul-en), not checked by a person ▾
It is also very difficult to identify the situation of people who are not in a state of emergency. Therefore, this term has been used for political purposes and it cannot be accepted that communications and feedback are being made on public relations in the north and north countries; these events are being carried out in accordance with agreements reached between 2017 and 2018 between the United States and the United Nations.
Tone toward targets (1)
How this statement speaks of each target it names, read by a model from the evidence sentence.
- Neutral toward Laos“ထို့ပြင် မြန်မာနိုင်ငံတွင် မရှိသည့်လူမျိုးအမည်ဖြင့် လွဲမှားစွာ သုံးစွဲဖော်ပြလျက်ရှိသည့် အခြေအနေကိုလည်း ပြတ်သားစွာ ကန့်ကွက်သည်။ ထို့ကြောင့် ယင်းစကားရပ်ကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အသုံးပြု၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ဆက်စပ်ဖြစ်စဉ်များအပေါ် နိုင်ငံရေးအရ အကျိုးအမြတ်ရှိစေရန်အတွက် ကြေညာချက်များနှင့် ထုတ်ပြန်ပြောကြားချက်များ ထုတ်ပြန်နေခြင်းကို လက်ခံနိုင်ခြင်း မရှိပါ။ ယင်းဆောင်ရွက်ချက်များသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ရရှိထားသည့် သဘောတူညီချက်များနှင့်အညီ စိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး မြန်မာနိုင်ငံ၏ စေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်မှုများအတွက် အပြုသဘောဆောင်သည့် အထောက်အပံ့ဖြစ်မည် မဟုတ်ပါ။”