Ministry of Foreign Affairs, Myanmar (MMR)
Myanmar Press release: STATEMENT
2026-09-03 · data through unknown
MY · statement #18911 ·
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို့က ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက်မီဒီယာများအပါအဝင် သတင်းဖော်ပြချက်များ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲ ဖြစ်စဉ်များသည် အာဆာ အကြမ်းဖက်အဖွဲ့၏ တစ်ပြိုင်နက်တည်း အကွက်ချ ကြိုတင်စီစဉ် စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဆိုသည့်အချက်ကို အဆိုပါ ကြေညာချက်များနှင့် ထုတ်ပြန်ပြောကြားချက်များတွင် အသိအမှတ်ပြုရန် ပျက်ကွက်လျက်ရှိသည်။ ဖြစ်စဉ်အမှန်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အာဆာ အကြမ်းဖက်များက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ …Full original text (MY, 1,263 Characters) ▾
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို့က ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက်မီဒီယာများအပါအဝင် သတင်းဖော်ပြချက်များ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲ ဖြစ်စဉ်များသည် အာဆာ အကြမ်းဖက်အဖွဲ့၏ တစ်ပြိုင်နက်တည်း အကွက်ချ ကြိုတင်စီစဉ် စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဆိုသည့်အချက်ကို အဆိုပါ ကြေညာချက်များနှင့် ထုတ်ပြန်ပြောကြားချက်များတွင် အသိအမှတ်ပြုရန် ပျက်ကွက်လျက်ရှိသည်။ ဖြစ်စဉ်အမှန်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အာဆာ အကြမ်းဖက်များက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ ကနဦး ကျူးလွန်ခဲ့ပြီး ယင်းဖြစ်စဉ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများ အသက်ဆုံးရှုံးခဲ့ရသည်။ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် အာဆာ အကြမ်းဖက်များက ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လုံခြုံရေးစခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုတို့ကို တစ်ပြိုင်နက်တည်း အကွက်ချ တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ သို့သော် ကမ္ဘာ့နိုင်ငံအချို့က အာဆာ အကြမ်းဖက်များ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို လျစ်လျူရှုထားကြောင်း တွေ့ရှိရသည်။ အကြမ်းဖက်မှု၏ အသွင်သဏ္ဍာန်မျိုးစုံနှင့် လုပ်ရပ်များအားလုံးကို ရှုတ်ချသင့်သည်။
Machine translation (english, opus-mt:mul-en), not checked by a person ▾
On August 25, 2017, some countries made reports on events that took place in the northern part of the country, including public media and human media. The subsequent developments in the western part of the region resulted from an attack by Asa’s armed forces on one side of the border.
Tone toward targets (2)
How this statement speaks of each target it names, read by a model from the evidence sentence.
- Negative toward unnamed target“၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် အာဆာ အကြမ်းဖက်များက ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လုံခြုံရေးစခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုတို့ကို တစ်ပြိုင်နက်တည်း အကွက်ချ တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။”
- Negative toward unnamed target“သို့သော် ကမ္ဘာ့နိုင်ငံအချို့က အာဆာ အကြမ်းဖက်များ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို လျစ်လျူရှုထားကြောင်း တွေ့ရှိရသည်။ အကြမ်းဖက်မှု၏ အသွင်သဏ္ဍာန်မျိုးစုံနှင့် လုပ်ရပ်များအားလုံးကို ရှုတ်ချသင့်သည်။”