Ministry of Foreign Affairs of Myanmar (MMR)
Myanmar Press release: STATEMENT
2026-10-26 · data through 23 Nov 2026, 22:10 UTC
MY · statement #12648 ·
အစီရင်ခံစာ၏ စာပိုဒ် ၄၈ ပါ အချက်များကို ရည်ညွှန်းသည်။ မြန်မာနိုင်ငံသည် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို နိုင်ငံသားအဆင့်အတန်း ပေးအပ်လျက်ရှိသော်လည်း နိုင်ငံတော်၏ဥပဒေနှင့် သမိုင်းမှတ်တမ်းအထောက်အထားများတွင် မည်သည့်အခါကမျှ မရှိခဲ့သော “ရိုဟင်ဂျာ” ဆိုသည့် လုပ်ကြံဖန်တီးထားသော အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း အလေးအနက် ထပ်လောင်းပြောကြားလိုသည်။ မှတ်တမ်းများအရ ၂၀၁၇ ခုနှစ်တွင် ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မတိုင်ခင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သူ (၇၄၀,၀၀၀) ဦးကျော်ရှိသည်။ ယင်းဖြစ်စဉ်ပြီးနောက် (၅၄၀,၀၀၀) ဦးသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာခဲ့ပြီး (၂၀၀,၀၀၀) ဦးကျော် ဆက်လက်ကျန်ရှိနေသည်။Machine translation (english, opus-mt:mul-en), not checked by a person ▾
This refers to paragraph 48 of the judgment. The State wants to say that, although its legislation and regulations are provided at national level in 1982, it is expected that the state does not recognize a number of activities already established by "Progenje" which have never been used under government law or reports before the fall of Arsa in 2017.
No tone or topic tags yet.