Skip to content
DiploTrack
13 of 25 FROM THIS SPEAKER

Ministry of Foreign Affairs of Myanmar (MMR)

Myanmar Press release: STATEMENT

2026-10-26 · data through unknown

MY · statement #12649 ·

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ ထွက်ခွာခဲ့သူများအနက်မှ စိစစ်အတည်ပြုပြီးသူများ ပြန်လည်ဝင်ရောက်နိုင်ရေးကို ဆောင်ရွက်ရန် ကတိကဝတ်ပြုထားပြီး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များကို တိတိကျကျ လိုက်နာလျက် သက်ဆိုင်ရာစိစစ် အတည်ပြုရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ၃၀-၉-၂၀၂၆ ရက်အထိ ဘင်္ဂလားဒေ့ရှ်မှ အသုတ် (၆) သုတ်ခွဲ၍ ပေးပို့ထားသည့် (၈၂၈,၈၂၄) ဦးစာရင်းအနက် (၄၄၉,၁၉၃) ဦးကို စိစစ်ပြီးဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ယခင်ကနေထိုင်ခဲ့သူ (၃၂၆,၃၇၆) ဦး၊ အကြမ်းဖက် လုပ်ရပ်တွင်ပါဝင်သူ (၄,၂၅၄) ဦး၊ စိစစ်အတည်မပြုနိုင်သူ (၁၁၈,၅၆၃) ဦးရှိသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တည်ငြိမ်လုံခြုံမှုပြန်လည်ရရှိသည်နှင့် နှစ်နိုင်ငံအကြား …
Full original text (MY, 1,366 Characters) ▾

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ ထွက်ခွာခဲ့သူများအနက်မှ စိစစ်အတည်ပြုပြီးသူများ ပြန်လည်ဝင်ရောက်နိုင်ရေးကို ဆောင်ရွက်ရန် ကတိကဝတ်ပြုထားပြီး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များကို တိတိကျကျ လိုက်နာလျက် သက်ဆိုင်ရာစိစစ် အတည်ပြုရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ၃၀-၉-၂၀၂၆ ရက်အထိ ဘင်္ဂလားဒေ့ရှ်မှ အသုတ် (၆) သုတ်ခွဲ၍ ပေးပို့ထားသည့် (၈၂၈,၈၂၄) ဦးစာရင်းအနက် (၄၄၉,၁၉၃) ဦးကို စိစစ်ပြီးဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ယခင်ကနေထိုင်ခဲ့သူ (၃၂၆,၃၇၆) ဦး၊ အကြမ်းဖက် လုပ်ရပ်တွင်ပါဝင်သူ (၄,၂၅၄) ဦး၊ စိစစ်အတည်မပြုနိုင်သူ (၁၁၈,၅၆၃) ဦးရှိသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တည်ငြိမ်လုံခြုံမှုပြန်လည်ရရှိသည်နှင့် နှစ်နိုင်ငံအကြား သဘောတူညီချက်များနှင့်အညီ စိစစ်အတည်ပြုထားသည့် နေရပ်စွန့်ခွာသူများကို လက်ခံရန် ထပ်လောင်းဖော်ပြသည်။ ၂၀၂၅ ခုနှစ်မှ ယခုအချိန်အထိ နိုင်ငံတစ်ဝန်းလုံးရှိ ဘင်္ဂါလီ (၁၃,၀၀၀) ဦးကို ၁၉၈၂ နိုင်ငံသားစိစစ်ရေး ဥပဒေအောက်မှ နိုင်ငံသားပေးအပ်ခဲ့ပြီးဖြစ်ကာ ယင်းတွင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ (၆,၂၀၀) ဦး အပါအဝင်ဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီချက်မပါဘဲ အစီရင်ခံစာမူကြမ်းကို အတည်ပြုပြဋ္ဌာန်းခြင်းသည် အချုပ်အခြာအာဏာတန်းတူညီမျှမှု မူဝါဒကိုလိုက်နာရန် ပျက်ကွက်ကြောင်း ပြသနေသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ဘက်လိုက်မှုမရှိရေးနှင့် တရားမျှတမှုတို့ကို ထိခိုက်စေသည့်အပြင် လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် လိုတစ်မျိုး၊ မလိုတစ်မျိုးဖြင့် စံနှုန်းနှစ်မျိုး (double standard) ကျင့်သုံးခြင်းကို ဖော်ပြရာရောက်သည်။

Machine translation (english, opus-mt:mul-en), not checked by a person ▾

As a result of the state's withdrawal from Russia, the citizens are committed to restoring access and continuing their relative construction activities in line with similar agreements signed during the year. By 30-9-2026, the number (628,844) per person (499) was reduced by 336 people who were currently resident in the country (326).

Tone toward targets (1)

How this statement speaks of each target it names, read by a model from the evidence sentence.

  • Negative toward Russia“သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီချက်မပါဘဲ အစီရင်ခံစာမူကြမ်းကို အတည်ပြုပြဋ္ဌာန်းခြင်းသည် အချုပ်အခြာအာဏာတန်းတူညီမျှမှု မူဝါဒကိုလိုက်နာရန် ပျက်ကွက်ကြောင်း ပြသနေသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ဘက်လိုက်မှုမရှိရေးနှင့် တရားမျှတမှုတို့ကို ထိခိုက်စေသည့်အပြင် လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် လိုတစ်မျိုး၊ မလိုတစ်မျိုးဖြင့် စံနှုန်းနှစ်မျိုး (double standard) ကျင့်သုံးခြင်းကို ဖော်ပြရာရောက်သည်။”