Skip to content
DiploTrack
15 of 25 FROM THIS SPEAKER

Ministry of Foreign Affairs of Myanmar (MMR)

Myanmar Press release: STATEMENT

2026-10-26 · data through unknown

MY · statement #12647 ·

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါပြစ်မှုများတွင် ကျူးလွန်သူများ၏ ၉၉ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများဖြစ်ကြပြီး၊ ၎င်းတို့သည် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရသည်။ ၄-၁၀-၂၀၂၆ ရက်အထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ နိုင်ငံပေါင်း (၅၉) နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း (၇၃,၀၈၅) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များသည်လည်း ရာဇဝတ်မှု ကွန်ရက်များကို ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာနှိမ်နင်းနိုင်ရေး တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ အစီရင်ခံစာ၏ …
Full original text (MY, 1,155 Characters) ▾

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါပြစ်မှုများတွင် ကျူးလွန်သူများ၏ ၉၉ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများဖြစ်ကြပြီး၊ ၎င်းတို့သည် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရသည်။ ၄-၁၀-၂၀၂၆ ရက်အထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ နိုင်ငံပေါင်း (၅၉) နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း (၇၃,၀၈၅) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များသည်လည်း ရာဇဝတ်မှု ကွန်ရက်များကို ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာနှိမ်နင်းနိုင်ရေး တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ အစီရင်ခံစာ၏ စာပိုဒ် ၃၁ ပါ အချက်များကို ရည်ညွှန်းသည်။ မြန်မာအစိုးရအနေဖြင့် ဗဟို မိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင် အသုံးပြုဆောင်ရွက်မည့် အစီအစဉ်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ တရားမဝင် မိုဘိုင်းစက်ပစ္စည်းတင်သွင်းမှုများ၊ ခိုးယူမှုများနှင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသည့်တရားမဝင်ရာဇဝတ်မှုများကို ကာကွယ်ရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လုံခြုံရေးကို အဓိကထား ဆောင်ရွက်ခြင်းသာဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်း၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ချိုးဖောက်ရန် ရည်ရွယ်ခြင်း လုံးဝမရှိကြောင်း ရှင်းလင်းဖော်ပြအပ်သည်။

Machine translation (english, opus-mt:mul-en), not checked by a person ▾

According to these investigations, 99 percent of the respondents were foreign nationals, who had been illegally admitted from neighbouring countries into the United States and had been involved in online trafficking. By 4-10-2026, international trade unions (59) had been transferred from one country to another (33,085).

Tone toward targets (1)

How this statement speaks of each target it names, read by a model from the evidence sentence.

  • Neutral toward United States“စုံစမ်းစစ်ဆေးချက်များအရ အဆိုပါပြစ်မှုများတွင် ကျူးလွန်သူများ၏ ၉၉ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများဖြစ်ကြပြီး၊ ၎င်းတို့သည် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရသည်။ ၄-၁၀-၂၀၂၆ ရက်အထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ နိုင်ငံပေါင်း (၅၉) နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း (၇၃,၀၈၅) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များသည်လည်း ရာဇဝတ်မှု ကွန်ရက်များကို ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာနှိမ်နင်းနိုင်ရေး တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။”