Skip to content
DiploTrack
16 of 25 FROM THIS SPEAKER

Ministry of Foreign Affairs of Myanmar (MMR)

Myanmar Press release: STATEMENT

2026-10-26 · data through unknown

MY · statement #12646 ·

အစီရင်ခံစာ၏ စာပိုဒ် ၁၈ ပါအချက်များကို ရည်ညွှန်းသည်။ မြန်မာနိုင်ငံသည် နယ်စပ်ဖြတ် ကျော်အုပ်စုဖွဲ့ရာဇဝတ်မှုပုံစံမျိုးစုံကို ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြု၍ လိမ်လည်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများကို ပစ်မှတ်ထား၍ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ အဆိုပါကြိုးပမ်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန်အတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း (Anti-Online Scam Bill) ကိုလည်း ၃၁-၇-၂၀၂၆ ရက်တွင် …
Full original text (MY, 1,019 Characters) ▾

အစီရင်ခံစာ၏ စာပိုဒ် ၁၈ ပါအချက်များကို ရည်ညွှန်းသည်။ မြန်မာနိုင်ငံသည် နယ်စပ်ဖြတ် ကျော်အုပ်စုဖွဲ့ရာဇဝတ်မှုပုံစံမျိုးစုံကို ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြု၍ လိမ်လည်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများကို ပစ်မှတ်ထား၍ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ အဆိုပါကြိုးပမ်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန်အတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း (Anti-Online Scam Bill) ကိုလည်း ၃၁-၇-၂၀၂၆ ရက်တွင် လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်သည်။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများသည် နိုင်ငံတစ်နိုင်ငံတည်းတွင်သာ ဖြစ်ပွားနေသည့် ပြဿနာမဟုတ်ဘဲ နိုင်ငံအားလုံးကို ထိခိုက်စေသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ထိုသို့သော ပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စုပေါင်းကြိုးပမ်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

Machine translation (english, opus-mt:mul-en), not checked by a person ▾

It refers to paragraph 18 of the Charter. The State has been working hard on accessing all forms of cross-border corruption, which can be achieved by means of illegal sales under state law, human rights and regional communications networks, through exchanges and online transactions, and by successfully implementing legislation. There are no reports available.

No tone or topic tags yet.