Ministry of Foreign Affairs of Myanmar (MMR)
Myanmar Press release: STATEMENT
2026-10-26 · data through unknown
MY · statement #12643 ·
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း တတိယကော်မတီ အစည်းအဝေးသို့ တင်သွင်းမည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ (A/81/302) ထွက်ရှိခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ယခုအစီရင်ခံစာသည် အထွေထွေညီလာခံအဆို ဆုံးဖြတ်ချက် (80/221) အရ ၁-၈-၂၀၂၅ မှ ၃၁-၇-၂၀၂၆ ကာလအတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုစီးပွားရေးအခြေအနေများကို တစ်ဖက်သတ် စွပ်စွဲဖော်ပြထားသည်ကို တွေ့ရသည်။ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်ချက်များကို လျစ်လျူရှုထားပြီး ယခင်အစီရင်ခံစာများနည်းတူ …Full original text (MY, 1,356 Characters) ▾
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း တတိယကော်မတီ အစည်းအဝေးသို့ တင်သွင်းမည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ (A/81/302) ထွက်ရှိခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ယခုအစီရင်ခံစာသည် အထွေထွေညီလာခံအဆို ဆုံးဖြတ်ချက် (80/221) အရ ၁-၈-၂၀၂၅ မှ ၃၁-၇-၂၀၂၆ ကာလအတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုစီးပွားရေးအခြေအနေများကို တစ်ဖက်သတ် စွပ်စွဲဖော်ပြထားသည်ကို တွေ့ရသည်။ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်ချက်များကို လျစ်လျူရှုထားပြီး ယခင်အစီရင်ခံစာများနည်းတူ အစိုးရဆန့်ကျင်သည့်အဖွဲ့များ၏ အာဘော်များကို ထင်ဟပ်လျက် မှန်ကန်မှုမရှိသည့် အချက်အလက်များကို ဖော်ပြထားခြင်းဖြစ်သည်။ ဖော်ပြထားသည့် အကြောင်းအရာများသည် လုပ်ပိုင်ခွင့်အပ်နှင်းခံရသူများ (mandate holders) ၏ စွပ်စွဲချက်များအပေါ်၌သာ အဓိကအခြေခံထားပြီး ကိုးကားသည့် အချက်အလက်များသည်လည်း ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် ပြင်ပမီဒီယာများထံမှ အဓိကရယူထားကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ အစီရင်ခံစာ၏ ဘက်လိုက်မှု ကင်းရှင်းမှု၊ မျှတမှုနှင့် မှန်ကန်မျှတစွာ စိစစ်ဖော်ပြမှုတို့အပေါ် မေးခွန်းထုတ်ဖွယ်ရာ ဖြစ်စေသည်။ အောက်ပါတုံ့ပြန်ချေပချက်များသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည့် အချို့သောစွပ်စွဲချက်များအတွက် ရည်ညွှန်းဖော်ပြခြင်းဖြစ်ကြောင်းနှင့် အခြားသော အထောက်အထားမဲ့ စွပ်စွဲချက်များကို လက်ခံအတည်ပြုခြင်းမဟုတ်ကြောင်း ဖော်ပြအပ်သည်။
Machine translation (english, opus-mt:mul-en), not checked by a person ▾
(81) In the course of its regular meeting with Collegiate Directors, a written decision was issued by the High Representative for Cultural Affairs to be submitted to third-party meetings.
No tone or topic tags yet.