Ministry of Foreign Affairs of Myanmar (MMR)
Myanmar Press release: STATEMENT
2026-10-26 · data through unknown
MY · statement #12644 ·
အစီရင်ခံစာ၏ ခေါင်းစဉ်ခွဲ (၂) အောက်ရှိ လူသားချင်းစာနာထောက်ထားမှုအပိုင်းနှင့် စာပိုဒ် (၇၄) ကို ရည်ညွှန်းသည်။ မြန်မာနိုင်ငံသည် လူသားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲ အချိန်မီပေးအပ်နိုင်ရေး ကတိပြုထားပြီး ဝန်ထမ်းများ၏ လုံခြုံရေးကို အစဉ်ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂမျက်နှာစာ၌ မြန်မာကိုယ်စားပြုမှု အခြေအနေသည် စိန်ခေါ်မှုများရှိသော်လည်း မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအေဂျင်စီများအား မြန်မာ့မြေပေါ်တွင် ဆက်လက်လက်ခံထားရှိပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ အဖွဲ့အစည်း (၁၇) ခုမှ နိုင်ငံတကာဝန်ထမ်း (၂၇၆) ဦး၊ မြန်မာနိုင်ငံသားဝန်ထမ်း (၇,၆၂၆) ဦးတို့ဖြင့် နိုင်ငံတစ်ဝန်း …Full original text (MY, 778 Characters) ▾
အစီရင်ခံစာ၏ ခေါင်းစဉ်ခွဲ (၂) အောက်ရှိ လူသားချင်းစာနာထောက်ထားမှုအပိုင်းနှင့် စာပိုဒ် (၇၄) ကို ရည်ညွှန်းသည်။ မြန်မာနိုင်ငံသည် လူသားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲ အချိန်မီပေးအပ်နိုင်ရေး ကတိပြုထားပြီး ဝန်ထမ်းများ၏ လုံခြုံရေးကို အစဉ်ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂမျက်နှာစာ၌ မြန်မာကိုယ်စားပြုမှု အခြေအနေသည် စိန်ခေါ်မှုများရှိသော်လည်း မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအေဂျင်စီများအား မြန်မာ့မြေပေါ်တွင် ဆက်လက်လက်ခံထားရှိပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ အဖွဲ့အစည်း (၁၇) ခုမှ နိုင်ငံတကာဝန်ထမ်း (၂၇၆) ဦး၊ မြန်မာနိုင်ငံသားဝန်ထမ်း (၇,၆၂၆) ဦးတို့ဖြင့် နိုင်ငံတစ်ဝန်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ကုလသမဂ္ဂအေဂျင်စီများမှ စီမံကိန်း (၄၃) ခုနှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများမှ စီမံကိန်း (၈၈) ခုကို ဖော်ဆောင်ပေးလျက်ရှိသည်။
Machine translation (english, opus-mt:mul-en), not checked by a person ▾
Chapter (2) of the Charter refers to a section on human rights and articles (74) under which state can provide temporary assurances about humanitarian aid without distinction. The State is committed to providing permanent protection for its responsibilities; however, if there are problems in the Cholesterol web site, it will continue to be supported by cholera agencies and its operations will be completed.
No tone or topic tags yet.