Ministry of Foreign Affairs of Myanmar (MMR)
Myanmar Press release: STATEMENT
2026-10-23 · data through unknown
MY · statement #12638 ·
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၃၀-၄-၂၀၂၆ ရက်နေ့တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာစေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးခဲ့ပါသည်။ ၃-၈-၂၀၂၆ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ်ဖြစ်သူ Mr. …Full original text (MY, 1,423 Characters) ▾
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၃၀-၄-၂၀၂၆ ရက်နေ့တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာစေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးခဲ့ပါသည်။ ၃-၈-၂၀၂၆ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude De Baqque နှင့်တွေ့ဆုံခွင့်ပြုခဲ့ပါသည်။ ၁၉-၁၀-၂၀၂၆ ရက်နေ့တွင် ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားလ်စ် ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ်၊ အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့ကို ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံပေးအပ်ခဲ့ပါသည်။ နိုင်ငံတော်သည် ဒေါ်အောင်ဆန်းစုကြည်အား လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းစဉ်များအရလည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာအတွင်းက ဆောင်ရွက်ပိုင်ခွင့်ရှိသော အထူးကိစ္စရပ်အနေဖြင့်လည်းကောင်း အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းနှင့် ၂၂-၁၀-၂၀၂၆ ရက်နေ့၊ ၁၄၃၀ အချိန်မှ ၁၄၅၀ အချိန်အထိ လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် စကားပြောကြေးနန်းဖြင့် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်
Machine translation (english, opus-mt:mul-en), not checked by a person ▾
The State of the Republic has been ordered to continue to live in a house where criminal sentences are fixed for the country's prison prison, as well as on 30-4-26 days full (Buddunday) and with respect to human rights protection. Arnaude De Baküe was granted permission on 19-10-26 days. According to the United Kingdom's second and third letter of authorship, Secret No 1 has been handed over by officials from national offices to the customs authorities. The State has also provided human rights support for South Korea in accordance with its activities (ICRC) as well as under government authority.
Tone toward targets (2)
How this statement speaks of each target it names, read by a model from the evidence sentence.
- Neutral toward South Korea“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၃၀-၄-၂၀၂၆ ရက်နေ့တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာစေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးခဲ့ပါသည်။”
- Neutral toward ICRC“၃-၈-၂၀၂၆ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ်ဖြစ်သူ Mr.”