Ministry of Foreign Affairs, Myanmar (MMR)
Myanmar Press release: STATEMENT
2026-11-21 · data through unknown
MY · statement #16334 ·
မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေများအရ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများသာရှိပြီး နိုင်ငံရေးအကျဉ်းသားများမရှိပါ။ နိုင်ငံတော်တည်ဆောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို ရှေးရှု၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် တရားစွဲဆိုခံထားရသူ စုစုပေါင်း ၅,၄၄၄ ဦး၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသူ စုစုပေါင်း ၇,၈၉၄ ဦးနှင့် နိုင်ငံသားနှင့် နိုင်ငံခြားသားအကျဉ်းသား စုစုပေါင်း ၁၂၆,၉၆၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ နိုင်ငံတော်အစိုးရသည် အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာတို့ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အားလျော်စွာ …Full original text (MY, 1,178 Characters) ▾
မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေများအရ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများသာရှိပြီး နိုင်ငံရေးအကျဉ်းသားများမရှိပါ။ နိုင်ငံတော်တည်ဆောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို ရှေးရှု၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် တရားစွဲဆိုခံထားရသူ စုစုပေါင်း ၅,၄၄၄ ဦး၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသူ စုစုပေါင်း ၇,၈၉၄ ဦးနှင့် နိုင်ငံသားနှင့် နိုင်ငံခြားသားအကျဉ်းသား စုစုပေါင်း ၁၂၆,၉၆၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ နိုင်ငံတော်အစိုးရသည် အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာတို့ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အားလျော်စွာ လိုအပ်သည့် တုံ့ပြန်မှုများကိုသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင်လည်း ပြည်တွင်းဥပဒေများ၊ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Rules of Engagement) နှင့်အညီ အနည်းဆုံးအင်အားဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် အဟာစင်တာ (AHA Centre) နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀.၁၂၅ သန်းကျော် ပေးအပ်ခဲ့သည်။
Machine translation (english, opus-mt:mul-en), not checked by a person ▾
There are only 5,444 prisoners who are convicted of criminal legislation in the United States and there are no political prisoners. Seventy-five years ago, 50 (night), 524 (days), 564, 555 (k) and 575) were sentenced to 7,894 and 166,964 persons and other prisoners from the state. It's 125 million.
Tone toward targets (1)
How this statement speaks of each target it names, read by a model from the evidence sentence.
- Neutral toward United States“လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် အဟာစင်တာ (AHA Centre) နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀.”