Ministry of Foreign Affairs, Myanmar (MMR)
Myanmar Press release: STATEMENT
2026-11-21 · data through unknown
MY · statement #16333 ·
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) များနှင့် (၁၀၉) ကြိမ်၊ NCA လက်မှတ်မရေးထိုးရသေးသည့် EAOs များနှင့် (၃၃) ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၂၂) ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် (၁၃) ကြိမ်၊ ငြိမ်းချမ်းရေးစကားဝိုင်း (၁) ကြိမ်၊ ငြိမ်းချမ်းရေးဖိုရမ် (၂) ကြိမ်၊ စုစုပေါင်းအကြိမ် (၁၈၀) တွေ့ဆုံဆွေးနွေးခဲ့သည်။ အလားတူ အစိုးရသည် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်များအား ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအထိ …Full original text (MY, 1,279 Characters) ▾
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) များနှင့် (၁၀၉) ကြိမ်၊ NCA လက်မှတ်မရေးထိုးရသေးသည့် EAOs များနှင့် (၃၃) ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၂၂) ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် (၁၃) ကြိမ်၊ ငြိမ်းချမ်းရေးစကားဝိုင်း (၁) ကြိမ်၊ ငြိမ်းချမ်းရေးဖိုရမ် (၂) ကြိမ်၊ စုစုပေါင်းအကြိမ် (၁၈၀) တွေ့ဆုံဆွေးနွေးခဲ့သည်။ အလားတူ အစိုးရသည် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်များအား ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့် PDF အကြမ်းဖက်အဖွဲ့ဝင်များ စုစုပေါင်း (၅,၈၇၁) ဦး သည် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဆက်လက်ပြီးဝင်ရောက်ရန် ဆက်သွယ်လျက်ရှိသူများလည်းရှိသည်။ လက်ရှိ ရွေးကောက်ခံအစိုးရလက်ထက်တွင်လည်း ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NSPNC ကို ပြင်ဆင်ဖွဲ့စည်း၍ NCA မူဘောင်အောက်မှ ကြိုတင်ကန့်သတ်ချက်များမထားရှိဘဲ တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်လျက်ရှိရာ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအပြင် ငြိမ်းချမ်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုပေါင်း (၃၈) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
Machine translation (english, opus-mt:mul-en), not checked by a person ▾
Since February 2012, the NSPNC National Correspondence and Peace Cooperation Committee (NSPC) has been working on each type of organization registered with EAOs (109), twice as many times as EAS (33) during which NCA did not sign up to its signature.
No tone or topic tags yet.