Skip to content
DiploTrack
6 of 25 FROM THIS SPEAKER

Ministry of Foreign Affairs of Myanmar (MMR)

Myanmar Press release: STATEMENT

2026-11-06 · data through 23 Nov 2026, 21:00 UTC

MY · statement #12702 ·

အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား အစဉ်အလာအရ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေမှ စီမံကိန်း (၁၄၀)ခု၊ …
Full original text (MY, 788 Characters) ▾

အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား အစဉ်အလာအရ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေမှ စီမံကိန်း (၁၄၀)ခု၊ စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄၀.၄၆) သန်းကျော်ကို ရရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

Machine translation (english, opus-mt:mul-en), not checked by a person ▾

During the conference, the National Council discussed in detail matters related to international cooperation between countries throughout the years that have been met by an interdepartmental organization. 46) There are hundreds of thousands of people. The country's foreign office is located on November 4th, 2016.

No tone or topic tags yet.