Skip to content
DiploTrack
7 of 25 FROM THIS SPEAKER

Ministry of Foreign Affairs of Myanmar (MMR)

Myanmar Press release: STATEMENT

2026-11-06 · data through unknown

MY · statement #12701 ·

(၁၁)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် (၅) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ခြင်းတို့အပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အစည်းအဝေးရလဒ်အဖြစ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)၏ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်မှု အစီရင်ခံစာနှင့် မဲခေါင်-လန်ချန်း …
Full original text (MY, 1,353 Characters) ▾

(၁၁)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် (၅) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ခြင်းတို့အပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အစည်းအဝေးရလဒ်အဖြစ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)၏ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်မှု အစီရင်ခံစာနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၆) ဖြင့် အဖွဲ့ဝင် နိုင်ငံများသို့ ထောက်ပံ့ပေးအပ်သည့် စီမံကိန်းများစာရင်းတို့ကို ဖြန့်ဝေခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး၌ ဒေသအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ အရေးပါမှုနှင့် ဆယ်စုနှစ်တာကာလအတွင်း ဖြစ်ပေါ်တိုးတက်မှုများကို ဂုဏ်ပြု ပြောကြားခဲ့ပြီး အဖွဲ့၏ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်းလုံခြုံရေး၊ စားနပ်ရိက္ခာ၊ ရေနှင့် စွမ်းအင် ဖူလုံမှု၊ ခေတ်မီစိုက်ပျိုးရေး၊ ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင် နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံရေး စသည့်နယ်ပယ် များတွင် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်သွားရန် အကြံပြု ဆွေးနွေးပြောကြားခဲ့သည်။

Machine translation (english, opus-mt:mul-en), not checked by a person ▾

(11) In the course of a series of international conferences in May-Landnang, representatives discussed developments on developmental conditions and discussions with future cooperation arrangements (5) over preparations for joint venture meetings.

No tone or topic tags yet.