Skip to content
DiploTrack
10 of 26 FROM THIS SPEAKER

Ministry of Foreign Affairs, Myanmar (MMR)

Myanmar Press release: STATEMENT

2026-11-20 · data through unknown

MY · statement #13916 ·

အမှု၏အဓိကအချက်ဖြစ်သော လူမျိုးသုဉ်းစေမှု ကျူးလွန်မှု ရှိ/မရှိ ကိစ္စအပေါ် ထောက်ခံမဲ (၉) မဲ၊ ကန့်ကွက်မဲ (၆) မဲ၊ အများစုမဲအသာဖြင့်ဆုံးဖြတ်ခဲ့သည့် တရားရုံး၏ စီရင်ချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် များစွာစိတ်ပျက်အားလျော့မိသည်။ တရားရုံးဒုတိယဥက္ကဋ္ဌနှင့် သက်တမ်းအရင့်ဆုံး တရားသူကြီးများပါဝင်သည့် တရားသူကြီး (၅) ဦး၊ စုစုပေါင်း တရားသူကြီး (၆) ဦး၏ သဘောထားကွဲလွဲမှုအမြင်အရ တရားရုံးသည် ရေရှည်ကြာမြင့်စွာ ကျင့်သုံးလာခဲ့သည့် အစဉ်အလာစီရင်ထုံးဖြစ်သော လူမျိုးသုဉ်းစေမှုကျူးလွန်သည်ဟု ဆုံးဖြတ်ရာတွင်ထားရှိရမြဲသက်သေအဆင့်အတန်းများမှ သွေဖည်ခဲ့သည်။ တရားသူကြီးအများအပြားကလည်း တရားရုံးသို့ တင်ပြသည့် သက်သေအထောက်အထားများ၏ ခိုင်မာမှု၊ ယင်းသက်သေခံများအား …
Full original text (MY, 1,977 Characters) ▾

အမှု၏အဓိကအချက်ဖြစ်သော လူမျိုးသုဉ်းစေမှု ကျူးလွန်မှု ရှိ/မရှိ ကိစ္စအပေါ် ထောက်ခံမဲ (၉) မဲ၊ ကန့်ကွက်မဲ (၆) မဲ၊ အများစုမဲအသာဖြင့်ဆုံးဖြတ်ခဲ့သည့် တရားရုံး၏ စီရင်ချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် များစွာစိတ်ပျက်အားလျော့မိသည်။ တရားရုံးဒုတိယဥက္ကဋ္ဌနှင့် သက်တမ်းအရင့်ဆုံး တရားသူကြီးများပါဝင်သည့် တရားသူကြီး (၅) ဦး၊ စုစုပေါင်း တရားသူကြီး (၆) ဦး၏ သဘောထားကွဲလွဲမှုအမြင်အရ တရားရုံးသည် ရေရှည်ကြာမြင့်စွာ ကျင့်သုံးလာခဲ့သည့် အစဉ်အလာစီရင်ထုံးဖြစ်သော လူမျိုးသုဉ်းစေမှုကျူးလွန်သည်ဟု ဆုံးဖြတ်ရာတွင်ထားရှိရမြဲသက်သေအဆင့်အတန်းများမှ သွေဖည်ခဲ့သည်။ တရားသူကြီးအများအပြားကလည်း တရားရုံးသို့ တင်ပြသည့် သက်သေအထောက်အထားများ၏ ခိုင်မာမှု၊ ယင်းသက်သေခံများအား လက်ခံခဲ့မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြသည်။ စာမျက်နှာ စုစုပေါင်း (၁၈၆) မျက်နှာရှည်လျားသော တရားရုံး၏ဆုံးဖြတ်ချက်သည် ရှုပ်ထွေးလှသည်။ ထို့အပြင် စာမျက်နှာ စုစုပေါင်း (၂၆၉) မျက်နှာအထိရှိသည့် တရားသူကြီးများ၏ စီရင်ချက်အပေါ် သီးခြားအမြင်များ၊ သဘောထားကွဲလွဲသည့် အမြင်များမှာလည်း (၁၇) ခုအထိရှိခဲ့ရာ တရားသူကြီးများအကြား သဘောထားအမြင်ကွဲပြားမှုများကို ထင်ဟပ်နေသည်။ Genocide Convention ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်သည်ဟု စွပ်စွဲထားခြင်းသည် ကြီးလေးသောပြစ်မှုဖြစ်သည်။ တရားရုံးအမိန့်ကို သဘောထားအမြင်ကွဲလွဲမှုများ (Dissenting Opinion) ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်၍ တစ်ညီတစ်ညွတ်တည်း အတည်ပြုဆောင်ရွက်ခဲ့ခြင်း (Unanimous) မဟုတ်ကြောင်း တွေ့ရှိရပါသည်။ တရားသူကြီးများ၏ တူညီသော သဘောဆန္ဒများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ သက်သေပြရန်စံနှုန်းများ (Standard of Proof) ဖြစ်သော သံသယကင်းလွတ်သည် အထိသက်သေပြရန် (Beyond reasonable doubt) တာဝန်များသည် ယခုကဲ့သို့ လူမျိုးသုဉ်း သတ်ဖြတ်မှု (Genocide) ကိုဆုံးဖြတ်ရာတွင် အထူးအလေးအနက်ထား ဆောင်ရွက်ရမည့် အချက်များဖြစ်ပါသည်။ ရုံးတော်သို့ တင်ပြထားသည့် FFM နှင့် NGOs တို့သည် တရားရုံးတင်စစ်ဆေးမှုများ၊ အထူးသဖြင့် ယခုကဲ့သို့ သက်သေပြရန် စံနှုန်းအမြင့်မားဆုံး ကိစ္စများတွင် အသုံးပြုရန် သင့်လျော်သည့် အထောက်အထားများပြုစုရန်အတွက် ကျွမ်းကျင်မှု၊ အရင်းအမြစ်များနှင့် လုပ်ပိုင်ခွင့် သတ်မှတ်ပေးထားမှု မရှိပါ။ FFM နှင့် NGOs အစီရင်ခံစာများသည် တရားရုံးတွေ့မြင်နိုင်ခြင်းမရှိသည့် အခြားအချက်များကို တစ်ဆင့်ကြား ဖော်ပြရေးသားထား ရုံမျှသာဖြစ်သည်။

Machine translation (english, opus-mt:mul-en), not checked by a person ▾

The main concern of the international community is to support cases such as violence against women, girls and girls, women and children.

Tone toward targets (2)

How this statement speaks of each target it names, read by a model from the evidence sentence.

  • Negative toward unnamed target“အမှု၏အဓိကအချက်ဖြစ်သော လူမျိုးသုဉ်းစေမှု ကျူးလွန်မှု ရှိ/မရှိ ကိစ္စအပေါ် ထောက်ခံမဲ (၉) မဲ၊ ကန့်ကွက်မဲ (၆) မဲ၊ အများစုမဲအသာဖြင့်ဆုံးဖြတ်ခဲ့သည့် တရားရုံး၏ စီရင်ချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် များစွာစိတ်ပျက်အားလျော့မိသည်။ တရားရုံးဒုတိယဥက္ကဋ္ဌနှင့် သက်တမ်းအရင့်ဆုံး တရားသူကြီးများပါဝင်သည့် တရားသူကြီး (၅) ဦး၊ စုစုပေါင်း တရားသူကြီး (၆) ဦး၏ သဘောထားကွဲလွဲမှုအမြင်အရ တရားရုံးသည် ရေရှည်ကြာမြင့်စွာ ကျင့်သုံးလာခဲ့သည့် အစဉ်အလာစီရင်ထုံးဖြစ်သော လူမျိုးသုဉ်းစေမှုကျူးလွန်သည်ဟု ဆုံးဖြတ်ရာတွင်ထားရှိရမြဲသက်သေအဆင့်အတန်းများမှ သွေဖည်ခဲ့သည်။ တရားသူကြီးအများအပြားကလည်း တရားရုံးသို့ တင်ပြသည့် သက်သေအထောက်အထားများ၏ ခိုင်မာမှု၊ ယင်းသက်သေခံများအား လက်ခံခဲ့မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြသည်။ စာမျက်နှာ စုစုပေါင်း (၁၈၆) မျက်နှာရှည်လျားသော တရားရုံး၏ဆုံးဖြတ်ချက်သည် ရှုပ်ထွေးလှသည်။ ထို့အပြင် စာမျက်နှာ စုစုပေါင်း (၂၆၉) မျက်နှာအထိရှိသည့် တရားသူကြီးများ၏ စီရင်ချက်အပေါ် သီးခြားအမြင်များ၊ သဘောထားကွဲလွဲသည့် အမြင်များမှာလည်း (၁၇) ခုအထိရှိခဲ့ရာ တရားသူကြီးများအကြား သဘောထားအမြင်ကွဲပြားမှုများကို ထင်ဟပ်နေသည်။ Genocide Convention ပါ တာဝန်ဝတ္တရားများကို ချိုးဖောက်သည်ဟု စွပ်စွဲထားခြင်းသည် ကြီးလေးသောပြစ်မှုဖြစ်သည်။ တရားရုံးအမိန့်ကို သဘောထားအမြင်ကွဲလွဲမှုများ (Dissenting Opinion) ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်၍ တစ်ညီတစ်ညွတ်တည်း အတည်ပြုဆောင်ရွက်ခဲ့ခြင်း (Unanimous) မဟုတ်ကြောင်း တွေ့ရှိရပါသည်။ တရားသူကြီးများ၏ တူညီသော သဘောဆန္ဒများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ သက်သေပြရန်စံနှုန်းများ (Standard of Proof) ဖြစ်သော သံသယကင်းလွတ်သည် အထိသက်သေပြရန် (Beyond reasonable doubt) တာဝန်များသည် ယခုကဲ့သို့ လူမျိုးသုဉ်း သတ်ဖြတ်မှု (Genocide) ကိုဆုံးဖြတ်ရာတွင် အထူးအလေးအနက်ထား ဆောင်ရွက်ရမည့် အချက်များဖြစ်ပါသည်။ ရုံးတော်သို့ တင်ပြထားသည့် FFM နှင့် NGOs တို့သည် တရားရုံးတင်စစ်ဆေးမှုများ၊ အထူးသဖြင့် ယခုကဲ့သို့ သက်သေပြရန် စံနှုန်းအမြင့်မားဆုံး ကိစ္စများတွင် အသုံးပြုရန် သင့်လျော်သည့် အထောက်အထားများပြုစုရန်အတွက် ကျွမ်းကျင်မှု၊ အရင်းအမြစ်များနှင့် လုပ်ပိုင်ခွင့် သတ်မှတ်ပေးထားမှု မရှိပါ။ FFM နှင့် NGOs အစီရင်ခံစာများသည် တရားရုံးတွေ့မြင်နိုင်ခြင်းမရှိသည့် အခြားအချက်များကို တစ်ဆင့်ကြား ဖော်ပြရေးသားထား ရုံမျှသာဖြစ်သည်။”