Ministry of Foreign Affairs of Myanmar (MMR)
Myanmar Press release: STATEMENT
2026-10-31 · data through unknown
MY · statement #12674 ·
အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တို့ရှိ အိမ်ထောင်စုများထံသို့ ၂၈-၁၀-၂၀၂၆ ရက်မှ ၁၀-၁၁-၂၀၂၆ ရက်အထိ လူသားချင်းစာနာမှု အကူအညီများဖြစ်သည့် ဆန်အိတ်များ၊ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် ဖြန့်ဝေလျက်ရှိသည်။ ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့တွင်လည်း ၁၆-၁၁-၂၀၂၆ ရက်မှ ၃၀-၁၁-၂၀၂၆ ရက်အထိ အကူအညီများ ဖြန့်ဝေသွားမည်ဖြစ်သည်။ အာဆီယံ၏ …Full original text (MY, 1,303 Characters) ▾
အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တို့ရှိ အိမ်ထောင်စုများထံသို့ ၂၈-၁၀-၂၀၂၆ ရက်မှ ၁၀-၁၁-၂၀၂၆ ရက်အထိ လူသားချင်းစာနာမှု အကူအညီများဖြစ်သည့် ဆန်အိတ်များ၊ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် ဖြန့်ဝေလျက်ရှိသည်။ ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့တွင်လည်း ၁၆-၁၁-၂၀၂၆ ရက်မှ ၃၀-၁၁-၂၀၂၆ ရက်အထိ အကူအညီများ ဖြန့်ဝေသွားမည်ဖြစ်သည်။ အာဆီယံ၏ လူသားချင်းစာနာမှုအကူအညီများကို အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာနမှတစ်ဆင့် မြန်မာနိုင်ငံသို့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစ၍ ပထမအဆင့် (အသက်ကယ်ဆယ်ရေး) နှင့် ဒုတိယအဆင့် (ဘဝရှင်သန်တည်မြဲရေး) ဟူ၍ အဆင့် ၂ ဆင့်ဖြင့် ပေးအပ်လျက်ရှိသည်။ ပထမအဆင့်အကူအညီများအဖြစ် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့အတွက် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅.၆ သန်းကျော်တန်ဖိုးရှိ ပစ္စည်းများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် ဖြန့်ဝေပေးအပ်ခဲ့ပြီးဖြစ်သည်။
Machine translation (english, opus-mt:mul-en), not checked by a person ▾
The AHA Centre, which is responsible for the risk management of Asia's human rights care services (AHC), is supported by families living in remote and remote areas from 10-10-2026 to 10-11-2016. Six million valuable goods are distributed throughout the country, including for medical and health services in each region/country.
Tone toward targets (1)
How this statement speaks of each target it names, read by a model from the evidence sentence.
- Positive toward AHA Centre“အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တို့ရှိ အိမ်ထောင်စုများထံသို့ ၂၈-၁၀-၂၀၂၆ ရက်မှ ၁၀-၁၁-၂၀၂၆ ရက်အထိ လူသားချင်းစာနာမှု အကူအညီများဖြစ်သည့် ဆန်အိတ်များ၊ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် ဖြန့်ဝေလျက်ရှိသည်။ ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့တွင်လည်း ၁၆-၁၁-၂၀၂၆ ရက်မှ ၃၀-၁၁-၂၀၂၆ ရက်အထိ အကူအညီများ ဖြန့်ဝေသွားမည်ဖြစ်သည်။”