Skip to content
DiploTrack
22 of 25 FROM THIS SPEAKER

Ministry of Foreign Affairs of Myanmar (MMR)

Myanmar Press release: STATEMENT

2026-10-06 · data through unknown

MY · statement #12583 ·

နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် အားလျော်စွာ နိုင်ငံသားများအနေဖြင့် ပြည်တွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များစသည့် စီးပွားရေးကဏ္ဍများတွင် အလုပ်လုပ်ကိုင်ကြခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နိုင်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် ဂုဏ်သိက္ခာရှိပြီး လုံခြုံစိတ်ချရသည့် လူနေမှုဘဝကို ရရှိနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးပွဲစားများ၏ မက်လုံးပေးဆွဲဆောင်စည်းရုံးမှုများကို အယုံမလွယ်ကြရန်၊ တရားမဝင် …
Full original text (MY, 1,410 Characters) ▾

နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် အားလျော်စွာ နိုင်ငံသားများအနေဖြင့် ပြည်တွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များစသည့် စီးပွားရေးကဏ္ဍများတွင် အလုပ်လုပ်ကိုင်ကြခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နိုင်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် ဂုဏ်သိက္ခာရှိပြီး လုံခြုံစိတ်ချရသည့် လူနေမှုဘဝကို ရရှိနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးပွဲစားများ၏ မက်လုံးပေးဆွဲဆောင်စည်းရုံးမှုများကို အယုံမလွယ်ကြရန်၊ တရားမဝင် နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပသို့ တရားမဝင်ထွက်ခွာမှုများကို ရှောင်ကြဉ်ကြပါရန်နှင့် လူကုန်ကူးခံရမှု မရှိစေရေး သတိပြုဆင်ခြင်နိုင်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ နိုင်ငံတော်အစိုးရသည် ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မည်သို့သော အခြေအနေတွင်ဖြစ်စေ အခက်အခဲကြုံတွေ့လာပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားကူညီစောင့်ရှောက်ပေးလျက်ရှိပါသည်။ သို့ဖြစ်ရာနောင်တွင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့လာပါက မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်းပို့ နိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်

Machine translation (english, opus-mt:mul-en), not checked by a person ▾

As a state government, it is possible to work in the country as citizens of developing countries where jobs and opportunities are currently available.

No tone or topic tags yet.